အုတ်တွင်း စက်တင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် စစ်တောင်းမြစ်ရေမြင့်တက်ခဲ့မှုကြောင့် လမ်းအချို့ရေတိုက်စားခံရပြီးပျက်စီးခဲ့ရာ ယခုအခါရေများပြန်လည်ကျဆင်းသွားပြီဖြစ်သောကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြိုနယ်လမ်းဦးစီးဌာနမှဦးစီးအရာရှိနှင့်ဝန်ထမ်းများက ယမန်နေ့မှစတင်ကာပျက်စီးနေသည့်လမ်းများအား ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါပျက်စီးနေသည့် ခပေါင်း-မြင်းစု-ထန်းတပင် တပြေးလမ်းပိုင်း၏ ပျက်စီးမှုအစ ညောင်ပင်ကြီးရွာမြောက်ဘက် (၁) မိုင်(၄) ဖာလုံနှင့် (၂)မိုင် (၃) ဖာလုံထိ (၇) ဖာလုံ ရေတိုက်စားမှုကြောင့် ပျက်စီးနေသည့်လမ်းအား ဘက်ဟိုးကားများအသုံးပြု၍ လမ်းဦးစီးဌာနမှ ဦးစီးအရာရှိဦးမင်းမင်းသိန်းဦးဆောင်ကာ မြို့အင်ဂျင်နီယာများ၊ လုပ်သားများက ပြန်လည်ပြုပြင်ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)