အောင်လံမြို့၌ ၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

အောင်လံ စက်တင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အောင်လံမြို့ ခရိုင်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အောင်လံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းက ဂုဏ်ပြုအဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်က တိုင်းဒေသကြီး အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုစကားပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိသည့် အခြေခံပညာ(၁၅-၂၀)အဆင့် အဆို၊ မဟာဂီတ ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မောင်မင်းသန့် အာကာဇော်၊ ဝါသနာရှင်(ဒု)အဆင့် (အဆို၊ အမျိုးဂုဏ်/ဇာတိဂုဏ်) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မဟင်္သာ(ခ) မသင်းသင်းခိုင်၊ အခြေခံပညာ (၁၀-၁၅)အဆင့် (အဆို၊ ခေတ်ဟောင်း/ကာလပေါ်) ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် မဖွေးဖွေး၊ ဝါသနာရှင်(ဒု)အဆင့် (အဆို၊ ခေတ်ဟောင်း/ ကာလပေါ်) ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် မဆုဝတီ၊ ဝါသနာရှင်(ဒု)အဆင့် (အဆို၊ ခေတ်ဟောင်း/ ကာလပေါ်) ပြိုင်ပွဲတွင် တတိယဆုရရှိသည့် ဦးနိုင်လင်း၊ အဆင့်မြင့်ပညာအဆင့် (အဆို၊ အမျိုးဂုဏ်/ဇာတိဂုဏ်) ပြိုင်ပွဲတွင် တတိယဆုရရှိသည့် မောင်ကျော်ဇင်မင်းထက်တို့အား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း ဆုမရရှိသည့် ပြိုင်ပွဲဝင်(၅)ဦးအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး၊ တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိသူများကိုယ်စား ဆုရရှိသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)