မင်းဘူး စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံစုံ ၁၄၆၃၂၅ ဧက လျာထားပြီး ၇၄၃၅၈ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်တွင် ဒေသခံပြည်သူများ စားသုံဆီဖူလုံစွာ စားသုံးနိုင်ရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်းနှင့် သစ်ဆိမ့်ပင်များ စိုက်ပျိုး၍ မြေပဲ (၈၈၁၂) ဧက၊ နှမ်း (၆၃၈၁၁) ဧက၊ နေကြာ (၁၇၂၀) ဧကနှင့် သစ်ဆိမ့်သီးနှံ (၁၅) ဧကဖြစ်၍ စုစုပေါင်း (၇၄၃၅၈) ဧက စိုက်ပျိုးကာ ရာနှုန်းပြည့် ပြည့်မီစွာ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
သီးနှံများကို မိုးဦး၊ မိုးလယ်၊ မိုးနှောင်း စိုက်ပျိုးကြပြီး သီးနှံများအောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများနှင့်ပူးပေါင်းပြီး နည်းပညာများကို စနစ်တကျပြသကာ ပက်ကြဲစိုက်ပျိုးခြင်းနှင့် အတန်းလိုက်စိုက်ပျိုးခြင်းဟူ၍ အမျိုးမျိုးစိုက်ပျိုးကာ အတန်းလိုက် စိုက်ပျိုးပါက အပင်များ လေဝင်လေထွက်ကောင်းမွန်ပြီး အပင်ဖြစ်ထွန်းမှုမြန်ဆန်ကာ အထွက်နှုန်းကောင်း၍ အပင်များ ရှုပ်ထွေးမှုမရှိသည့်အတွက် ပိုးကျရောက်မှုလည်းနည်းကြောင်း၊ သို့သော် နေရာဒေသ မြေအမျိုးအစားနှင့် အစိုဓာတ် ရရှိမှုအပေါ်မူတည်ပြီး အထွက်နှုန်းများ ကွဲပြားကာ တစ်ဧကလျှင် ၁၀ တင်းမှ တင်း ၃၀ နှင့် မြေပဲ တင်း ၁၂၀ အထိထွက်ရှိကြောင်း၊ မင်းဘူးမြို့၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ လ/ထဦးစီးမှူး ဦးဇော်မင်းသူက ပြောကြားခဲ့သည်။
ဇေယျာထက်(မင်းဘူး)