ရွှေသောင်ယံမြို့ မူလတန်းကျောင်းဆောင်သစ် ပန္နက်တင်အခမ်းအနားကျင်းပ

ရွှေသောင်ယံ စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ် (၁) ရပ်ကွက်တွင် ယနေ့နံနက် (၉) နာရီက အ.မ.က (၁၁၂) အခြေခံပညာ မူလတန်းကျောင်း ကျောင်းဆောင်သစ်ပန္နက်တင် အခမ်းအနားကို ကျင်းပပြုလုပ်သည်။

အဆိုပါ မူလတန်းကျောင်းဆောင်သစ်သည် အလျှား (၆၀) ပေ၊ အနံ (၃၀) ပေ၊ RC တစ်ထပ်ဆောင်အဖြစ် ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

ပန္နက်တင်အခမ်းအနားသို့ မြို့အုပ်ချုပ်ရေး မှူးနှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမှတ် (၁၁၂) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ရပ်မိ၊ ရပ်ဖများ လာရောက်ကာ ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည်။

ရွှေသောင်ယံ (ပြန်/ဆက်)