ဆင်ပေါင်ဝဲ စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့ နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့သည်။
ထိုသို့ ကျင်းပပြုလုပ်ရာတွင် ဘောလုံးအသင်း ကျား/မ၊ ဘော်လီဘော အသင်း ကျား/မ၊ ကြက် တောင်ရိုက်အသင်း ကျား/မ၊ ပိုက်ကျော်ခြင်း ကျား၊ စားပွဲတင် တင်းနစ်၊ ပြေးခုန်ပြစ် ကျား/မ ပြိုင်ပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများကို စက်တင်ဘာ (၁၀) ရက်နေ့မှ (၁၂) ရက်နေ့အထိ ယှဥ်ပြိုင်ကစားခဲ့ပြီး မြို့နယ်အဆင့်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများက အောင်လံခရိုင်သို့ သွားရောက်ယှဥ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)