ကန့်ဘလူ စက်တင်ဘာ ၁၀
အောက်တိုဘာ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံး ၊ ကဗျာပြိုင်ပွဲများကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
အဆိုပါ ပြိုင်ပွဲများတွင် အထက်တန်းဆင့် “ ပညာဥယျာဥ်မှူး ” ခေါင်းစဥ်ဖြင့် စာစီစာကုံး ပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ ၁၅ ဦး၊ ” ကြယ်ဓူဝံပမာမြတ်ဆရာ ” ခေါင်းစဥ်ဖြင့် ကဗျာပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ ၁၉ ဦး၊ အလယ်တန်းဆင့် ” ဆရာမပြ နည်းမကျ ” ခေါင်းစဥ်ဖြင့် စာစီစာကုံး ပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ ၁၉ ဦးနှင့် ” ဆရာသခင်ကျေးဇူးရှင် ” ခေါင်းစဥ်ဖြင့် ကဗျာပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ ၂၁ ဦး စုစုပေါင်း ၇၄ ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ပြန်/ဆက်)