ကျောင်းကုန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောင်းကုန်း စက်တင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ထောက်ရှာအုပ်စု/ထောက်ရှာကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်းရှင်းလင်းပြောကြားပြီး၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံဦးတင်ကိုက မိမိကိုယ်တိုင်က ထူးချွန်ခြင်လျှင် သူများတွေထက် စာကိုပိုကြိုးစားကြဖို့လိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံနှင့် ဆရာ/မများ၊ Grade 1 မှ Grade 7 ထိ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်းနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း သုတ/ရသ စာအုပ်စာပေများ ဖတ်ရှုစေခဲ့ပြီး၊ အသိပညာပေး နံရံကပ်စာစောင်များပြသပေးခဲ့ကြောင်း သိရသည်။

ဝင်းကြိုင် (ပြန်/ဆက်)