ရေတာရှည်မြို့နယ်၌ မိုးစပါးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းနိုင်ရေး ကွင်းဆင်းစစ်ဆေး

ရေတာရှည် စက်တင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ သပြေတန်းကျေးရွာနှင့် ညောင်ပင်သာကျေးရွာတို့ရှိ မိုးစပါးစိုက်ခင်းများအတွင်းပေါင်းမြက်များ ရှင်သန်ကြီးထွားမှု မဖြစ်ပေါ်စေရေး၊ အထွက်နှုန်းတိုးတက်ကောင်းမွန်ရေးအတွက် ရည်ရွယ်ကာ မိုးစပါးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်က စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့မှ စိုက်ပျိုးရေးတောင်သူများနှင့်တွေ့ဆုံကာ စိုက်ခင်းများအား ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာ အဆိုပါအဖွဲ့မှ မိုးစပါးစိုက်ခင်းများအတွင်း ပိုးမွှားအန္တရာယ်ကျရောက်မှုလျော့နည်းရန် ထည့်သွင်းအသုံးပြုသည့် ပိုးသတ်ဆေးများ၊ ပေါင်းမြက်များရှင်သန်ကြီးထွားမှုအခြေအနေများနှင့် မြေသြဇာထည့်သွင်းအသုံးပြုမှုများအား စိုက်ပျိုးရေးတောင်သူများနှင့် တွေ့ဆုံကာဆွေးနွေးခဲ့ပြီး ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ရန် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ရေတာရှည် ပြန်/ဆက်