အိမ်မဲမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အသိပညာပေး ဟောပြော

အိမ်မဲ စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၌ ၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် အ.ထ.က (၂)ကျောင်း ပညာဗိမာန်ခန်းမ၌ ကျင်းပ ခဲ့သည်။

အဆိုပါ ဟောပြောပွဲကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဦး ၏ လမ်းညွှန်မှုဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်ကျိန်နှင်းခိုင်နှင့် ဝန်ထမ်းများက လူဦးရေနှင် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ (၁)ရက်နေ့မှ (၁၅) ရက်နေ့အထိ တစ်အိမ်တက်ဆင်းကောက်ယူမည် ဖြစ်ကြောင်း၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မှန်ကန်စွာ ရရှိစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်ကော်မတီအဖွဲ့နှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး သိကောင်းစရာ အချက်အလက်များအား ဆရာ/မများ၊ ကျောင်းသား/သူ များ သိရှိစေရန် အကျယ်တဝင့် ပြောကြားခဲ့ပြီး လူဦးရေနှင့်အိမ်အကြောင်းအရာ လက်ကမ်းစာစောင်များ အားဖြန့်ဝေပေးခဲ့သည်။

ချစ်သက်လယ် (ပြန်/ဆက်)