ဝါးခယ်မ စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုအခမ်းအနားတွင် သဘာပတိ ဦးတင်ဝင်း(မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ)မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးကျော်နိုင်ထွန်းနှင့် ဝါးခယ်မမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တူးတူးလွင်တို့မှ သမဝါယမလုပ်ငန်းစဉ်များ၊ သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းပြောကြားပြီး အသင်းအမှုဆောင်အဖွဲ့က အသင်း၏(၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် အတွက် လုပ်ငန်းအစီရင်ခံစာနှင့် ဘဏ္ဍာရေးအစီရင်ခံစာအားဖတ်ကြားရှင်းလင်းပြီး တက်ရောက် လာသောအသင်းစု ကိုယ်စားလှယ်များက သဘောတူညီချက်ရယူကာ အသင်း၏ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းအစီရင်ခံစာနှင့် ဘဏ္ဍာရေးအစီရင်ခံစာအား အတည်ပြုကာ အသင်းကိုယ်စားလှယ်များကို ခရီးစရိတ်နှင့် အစုပေါ်အမြတ်အကျိုးခံစားခွင့်များ ပေးအပ် ခဲ့ကြောင်းနှင့် သဘာပတိမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထိုအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်နိုင်ထွန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးလွှမ်းဝေအောင်၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တူးတူးလွင်နှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစု လီမိတက်အသင်းဥက္ကဋ္ဌနှင့်အသင်းသူ၊ အသင်းသားများတက်ရောက်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)