သဲကုန်း စက်တင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(ပေါက်ရဲကြား)တွင် စာဖတ်ရှိန်မြင့်မားရေးလှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက ကျောင်းသား/ကျောင်းသူများအား ရည်ရွယ်ချက်၊ ရည်မှန်းချက်ထားရန်၊ စည်းကမ်းရှိသော လူငယ်များဖြစ်စေရန်၊ အားလပ်ချိန်များတွင် သုတ၊ ရသစာပေများ ဖတ်ရှုရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများကို ငယ်စဥ်ကပင်နားလည်သိမြင်ပြီး ရှောင်ရှားတတ်စေရန်၊ လူကုန်ကူးမှုမဖြစ်ပေါ်စေရန် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ social media ၏ ကောင်းကျိုး၊ ဆိုးကျိုးများ၊ အားလပ်ချိန်စာပေဖတ်ရှူလေ့လာရန်၊ လူငယ်များသိသင့်သိထိုက်သည့် ဗဟုသုတအကြောင်းအရာများ၊ ပညာ၏တန်ဖိုးများ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်စေရေးအကြောင်းအရာများ၊ နေ့ထူးနေ့မြတ်နေ့ရက်များကို အစဉ်သတိရစေရန် စသည့်အကြောင်းအရာများအား အကျယ်တဝင့်ဟောပြောပေးခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရရှိစေရန် စာကြည့်တိုက်လုပ်ငန်းဝန်ဆောင်မှုအဖြစ် ပုံပြင်ပြောခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်များနှင့် အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)