ဘိုကလေးမြို့နယ်တွင် Women Clab အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

ဘိုကလေး စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက်(၁၀)နာရီခွဲအချိန်၌ Women Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဒေါ်ခင်ဝေဝေမြင့်နှင့် Women Club အဖွဲ့ဝင်များ တက်ရောက်ကြပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် စာဖတ်ဝိုင်းတက်ရောက်လာကြသည့် Women Club အဖွဲ့ဝင်များက မန္တလေးစာသင်သား အရှင်ဇနက ရေးသားထုတ်ဝေထားသည့် “ကိုယ့်ကိုယ်ကို အားပေးကူညီခြင်း” စာအုပ်အားဖတ်ကြားခဲ့ပြီး စာအုပ်တွင်းရေးသားဖော်ပြထားရှိသည့် လူငယ်များအတွက် ဓမ္မ၊ ရသစာစုများ၊ လူတစ်ဦးတစ်ယောက်တည်း နေထိုင်ပြုမူနည်း၊ အများနှင့် ဆက်ဆံနေထိုင်ပြုမူနည်း၊ စိတ်ဓာတ်ကျဝမ်းနည်းမှုများနှင့် ကြုံတွေ့ရသည့်အခါ မိမိကိုယ်ကို အားပေးကူညီနည်းများအား အကျယ်တဝင့် အပြန်အလှန် ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)