ပန်းတောင်း သြဂုတ် ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အ.ထ.က(ထုံးဘို)ကျောင်း၌ ယမန်နေ့နံနက် ၉ အချိန်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လူကုန်ကူးမှုတားစီးနှိမ်နှင်းမှုရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၃)ပန်းတောင်း၊ ရဲအုပ်အောင်ဇော်မိုးမှ လူကုန်ကူးမှုနှင့်ပတ်သက်၍ အကြောင်းအရာများအား အသေးစိတ်ဟောပြောခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ဆရာ၊ ဆရာမများ ကျောင်းသား/သူ စုစုပေါင်း(၃၈၇)ဦးတက်ရောက်ကာ လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)