ရွှေတောင် သြဂုတ် ၁၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက စာရေးဆရာမဒေါက်တာမတင်ဝင်းရေးသားထားသည့် "လွတ်လပ်ပေါ့ပါးသောစိတ်ထားရှိပါစေ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club ဥက္ကဋ္ဌစာရေးဆရာမကြီး ဒေါ်ခင်ယုနိုင်(အေပရယ်ယုနိုင်)ရွှေတောင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်မှ ရွှေတောင်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စာဖတ်ရှိန်မြင့်မားလာစေရန်၊ စာပေမှဗဟုသုတများရရှိစေရန်၊ စာပေဖတ်ရှုခြင်းမှ စာရေးသူများတိုးပွားလာစေရန်စသည့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာမဒေါက်တာမတင်ဝင်းရေးသားထားသည့် "လွတ်လပ်ပေါ့ပါးသောစိတ်ထားရှိပါစေ" စာအုပ်မှ စာအုပ်ပါအကြောင်းအရာများကို ဒေါ်ခင်ယုနိုင်(အေပရယ်ယုနိုင်)ရွှေတောင်၊ ဦးဇော်မင်း (အငြိမ်းစား-ပညာရေး)၊ ဦးအုန်းမောင်(မောင်အေးငြိမ်း-သရက်)တို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြပြီး စာပေချစ်မြတ်နိုးသူများအသင်း Book Club အသင်းဝင်များမှ သက်ဆိုင်ရာခေါင်းစဉ်ကဏ္ဍများအလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ အဆိုပါ စာဖတ်ဝိုင်းများကို လစဉ်ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကိုကိုမင်း (ပြန်/ဆက်)