အမာမြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

အမာ  ဩဂုတ်  ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Youth Club)အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲ(၁)နာရီအချိန်က စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး နော်လေးလီယန်က စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွက်ချက်ကို ရှင်းလင်းပြောကြားပြီး ဦးဆောင်ဆွေးနွေးသူနော်အေးအေးသက်က စာရေးဆရာ‌ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသည့်  “အောင်မြင်ခြင်းရဲ့ အုတ်မြစ်”  စာအုပ်တွင်ပါရှိသည့် သင့်ရဲ့ရွေးချယ်ပိုင်ခွင့် အခန်းတွင်ပါရှိသော လူတစ်ဦးအောင်မြင်ပြည့်စုံသော ဘဝကိုပိုင်ဆိုင်လိုပါက မိမိကိုယ်ကိုတန်ဖိုးထားတတ်ရန်၊ ရိုသေလေးစားတတ်ရန်၊ စည်းစနစ်တကျနေထိုင်ကြရန်၊ မိမိ၏ဆန္ဒ၊ မျှော်မှန်းချက်၊ ပန်းတိုင်၊ လုပ်ရဲ ကိုင်ရဲသည့်သတ္တိ၊ ဇွဲလုံ့လဝိရိယ၊ အပေါင်းအသင်း သူငယ်ချင်းမိတ်ဆွေများ၊ အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်များနှင့်ပတ်သက်၍ ဆောင်ရွက်သင့်သည်များကို သာဓကများဖြင့် ဦးဆောင်ဖတ်ကြားဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းတက်ရောက်လာကြသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင် လူငယ်များကလည်း မိမိတို့စိတ်ကြိုက် ဗဟုသုတရစေမည့် စာစုများဖြင့်  ပြန်လည်ဆွေးနွေးခဲ့ကြကြောင်းနှင့် ရုံးတွင်းနံရံကပ်အသိပညာ‌ပေးစာစောင်များပြသထားရာ လူငယ်များမှလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အမာ(ပြန်/ဆက်)