မော်လမြိုင်ကျွန်း ဩဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ စက်မှုလယ်ယာဦးစီးဌာန အမှတ်(၅၃) စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နံနက် (၉) နာရီအချိန်က မရဲ့အုန်းပင်စုကျေးရွာအုပ်စု၊ မရဲ့အုန်းပင်စုကျေးရွာ တောင်သူ ဦးတင်အောင်သန်း၏ ကွင်းအမှတ်(၁၁၈၅)၊ ဦးပိုင်အမှတ် (ခ- ၁၀/၁) ရှိလယ်မြေပေါ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
သရုပ်ပြပွဲတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့် စိုက်တိုးမြှင့်အဖွဲ့များအား မြို့နယ်စက်မှုလယ်ယာဦးစီးဌာနဦးစီး အရာရှိ ဦးခိုင်ဟိန်းဇော်က ကောက်စိုက်စက်ဖြင့် မိုးစပါးပျိုးခြင်းအားဖြင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုနည်းပါးခြင်း၊ ပျိုးထောင်ဧရိယာ အနည်း ငယ်သာလိုအပ်ခြင်း၊ သန်မာ၍ရောဂါကင်းသော ပျိုးပင်များရရှိစေခြင်း၊ ကောက်စိုက်ရာတွင် လုပ်သားအင်အားအသုံးပြုမှုနည်းပါးခြင်းနှင့် သက်တောင့်သက်သာ စိုက်ပျိုးနိုင်ခြင်း၊ လုပ်ငန်းတွင်ကျယ်၍ ပိုမိုတိုးတက်ပြီးစီးခြင်း၊ လေဝင်လေထွက်ကောင်းခြင်း၊ ကောက်ပင်လှန်ရက်စောင့်ရန်မလိုခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါးအထွက်နှုန်းကောင်းစေခြင်းနှင့် မျိုးစပါးအသုံးပြုမှု လျော့ချနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်သွင်က Drum Seeder မျိုးစေ့ချကိရိယာ စိုက်ပျိုးခြင်းကြောင့် ပျိုးနုတ်ရန်မရှိခြင်းကြောင့် ပျိုးပင်ထိခိုက်မှုသက်သာစေခြင်း၊ အမြစ်ကြီးထွားဖွံ့ဖြိုးမှု စောစီးစွာရရှိစေခြင်း၊ ရေကြီးနစ်မြုပ်ခြင်းနှင့် ရေငတ်ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိခြင်း၊ ရေကိုပိုမိုအကျိုးရှိစွာ အသုံးပြုနိုင်ခြင်းစသည့်အကျိုးကျေးဇူးများရရှိကြောင်း ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)