သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ငဝန်မြစ်ရေကြီးနစ်မြုပ်ကာ မိုးသက်လေပြင်းတိုက်ခတ် ရေကြီးလှိုင်းပုတ်ခတ်မှု ဒဏ်တို့ကြောင့် နေအိမ် (၆) လုံး ပြိုကျပျက်စီးခဲ့ရသည့် မိသားစုများအား ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်

သာပေါင်း ဩဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ရှောပြာကုန်း ကျေးရွာအုပ်စု၊မဲဇလီကွင်းပေါက် ကျေးရွာအုပ်စု၊ကမ္ဘဲ့ညောင်ကုန်း ကျေးရွာအုပ်စု၊ ကညင်ပင်ကျေးရွာအုပ်စု၊ မကျည်းကုန်း ကျေးရွာအုပ်စု၊ ကျားရဲ ကျေးရွာအုပ်စုများရှိ (ကျားကျွန်းကျေးရွာ၊ အနောက်စုကျေးရွာ၊ စက်ဒေါင်ကြီး ကျေးရွာ၊ ကန့်လန့်ကျေးရွာ၊ ရေကျော်လေးကျေးရွာ၊ ကျောတန်းကြီးကျေးရွာတို့တွင် (ဩဂုတ်လ ၂/၄/၆/၇) ရက်နေ့များ၌ဖြစ်ပွားခဲ့သော ငဝန်မြစ်ရေကြီးနစ်မြုပ်ကာ မိုးသက်လေပြင်းတိုက်ခတ် ရေကြီးလှိုင်းပုတ်ခတ်မှု ဒဏ်တို့ကြောင့် ပြိုကျပျက်စီးနေအိမ် (၆) လုံးပြိုကျပျက်စီးခဲ့ရသည့် မိသားစုများအား ဩဂုတ်လ ၉ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့က ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ရှောပြာကုန်း ကျေးရွာအုပ်စု၊မဲဇလီကွင်းပေါက် ကျေးရွာအုပ်စု၊ ကမ္ဘဲ့ညောင်ကုန်း ကျေးရွာအုပ်စု၊ ကညင်ပင် ကျေးရွာအုပ်စု၊မကျည်းကုန်း ကျေးရွာအုပ်စု၊ ကျားရဲ ကျေးရွာအုပ်စုများရှိ (ကျားကျွန်းကျေးရွာ၊ အနောက်စု ကျေးရွာ၊စက်ဒေါင်ကြီး ကျေးရွာ၊ ကန့်လန့် ကျေးရွာ၊ ရေကျော်လေး ကျေးရွာ၊ ကျောတန်းကြီး ကျေးရွာတို့တွင် (ဩဂုတ်လ ၂/ ၄/ ၆/ ၇) ရက်နေ့များ၌ဖြစ်ပွားခဲ့သော ငဝန်မြစ်ရေကြီးနစ်မြုပ်ကာ မိုးသက်လေပြင်းတိုက်ခတ် ရေကြီးလှိုင်းပုတ်ခတ်မှု ဒဏ်တို့ကြောင့် ပြိုကျပျက်စီးနေအိမ် (၆) လုံးပြိုကျပျက်စီးခဲ့ရသည့် နေအိမ် (၆) လုံးရှိ၊ အိမ်ထောင်စု (၉) စုမှ လူဦးရေ (၂၁) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၄၄၁၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၆၀၀၀၀၀) ကျပ်၊ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၆) ပုံး တန်ဖိုးငွေ (၆၈၅၅၀၈) ပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၆၄၄၁၀၀) ကျပ်တို့အား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းဧရာထိုက်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး‌ ဒေါ်ခိုင်ခိုင်ဝင်းတို့က ဩဂုတ်လ ၉ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်က ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)