ကျိုက်လတ်မြို့နယ်တွင်အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်များအား ပြည်သူများသို့ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ကျိုက်လတ် ဩဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍  အခြေခံ စားသောက်ကုန်ဖြစ်သည့် ဆန်များအား ပြည်သူများသို့ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို မြို့နယ်အတွင်းရှိ ဆိုင်အရောင်းဆိုင်များ၌ ယနေ့နံနက် (၇) နာရီမှ စတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ရောင်းချပေးရာတွင် ဧည့်မထ အမျိုးအစား ဆန်များကို (၁)ပြည်လျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ ပေါ်ဆန်းဆန် (၁)ပြည်လျှင် (၅၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိပြီး၊ အဆိုပါ ဆန်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများကို စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများနှင့်အတူ ကွင်းဆင်းကြည်ရှု စစ်ဆေးခဲ့ကြပြီး ဒေသခံပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန် စီစဥ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)