မြောင်းမြ ဩဂုတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံစာကြည့်တိုက်ပညာဆင့်ပွါးသင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲနှင့် စာအုပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီကမြောင်းမြခရိုင် (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြောင်းမြခရိုင်ပညာရေးမှူး ဦးဌေးဝင်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာကြည်က ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်များလှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြောင်းမြခရိုင်ပညာရေးမှူး ဦးဌေးဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာကြည်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာထွန်းတို့က မြောင်းမြမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက် ၉ တိုက်သို့ သုတရသစာအုပ်များကို ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာစာကြည့်တိုက်တာဝန်ခံများက လက်ခံရယူခဲ့ကြသည်။ ထိုသို့လှူဒါန်းရာတွင် ကျေးရွာစာကြည့်တိုက်တစ်တိုက်လျှင် သုတ၊ ရသ စာအုပ် ၂၀ အုပ်ဖြင့် စာအုပ်စုစုပေါင်း ၁၈၀ အုပ်ကိုလှူဒါန်းခဲ့သည်။
ခရိုင် (ပြန်/ဆက်)