ပန်းတနော် သြဂုတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် ကျောင်းသားကျောင်းသူလေးများ ဥာဏ်ရည်ဥာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ရုပ်ပုံပြပုံပြောခြင်းအစီအစဥ်ကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ လူအဖွဲ့အစည်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်တက်စေရန်၊ ဥာဏ်ရည်ဥာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာနသို့ လာရောက်လေ့လာကြသော ကျောင်းသား၊ ကျောင်းသူ လေးများအား ကလေးစာဖတ်ခန်း၌ ရုပ်ပုံပြပုံပြောခြင်းအစီအစဥ်နှင့် အစုအဖွဲ့လိုက်စာပေဖတ်ရှုခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော် (ပြန်/ဆက်)