ချောင်းသာ သြဂုတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် အသက် ၆ လမှ ၅ နှစ်အတွင်း ကလေးငယ်များအား အဟာရဖွံ့ဖြိုးမှုရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် အင်အားဖြည့်ဗီတာမင်အေဆေးလုံးနှင့် သန်ချဆေးတိုက်ကျွေးမှုအား ယနေ့နံနက်ပိုင်းက ချောင်းသာမြို့ကျေးလက် ကျန်းမာရေးဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အဟာရဖွံ့ဖြိုးမှုရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် အင်အားဖြည့် ဗီတာမင်အေဆေးလုံး နှင့် သန်ချဆေးတိုက်ကျွေးမှုပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများအား ကျေးလက် ကျန်းမာရေးဌာန တာဝန်ရှိဆရာမက အသေးစိက်ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့ပေါ်ရပ်ကွက်များမှ လာရောက်ကြသည့် အသက် ၆ လမှ ၅ နှစ်အတွင်း ကလေးငယ်များအား ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက အင်အားဖြည့်ဗီတာမင်အေဆေးလုံးနှင့် သန်ချဆေးတိုက်ကျွေးမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
ချောင်းသာ (ပြန်/ဆက်)