တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ရေကြီးနစ်မြုပ်လယ်မြေများတွင် တစ်ကွက်ပေါ် တစ်ကွက်စိုက်စနစ်ဖြင့် ပြန်လည်စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူး ဩဂုတ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ နေ့နံနက်ပိုင်းက ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများနှင့် ရေကြီးနစ်မြုပ်လယ်မြေများတွင် တစ်ကွက်ပေါ် တစ်ကွက်စိုက်စနစ်ဖြင့် ပြန်လည်စိုက်ပျိုးနိုင်ရေးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် ဇူလိုင်လနှင့် ဩဂုတ်လအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြစ်ရေမြင့်တက်ခြင်းများကြောင့် သီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် ရေလွှမ်းဆဲဧက၊ ရေပြန်ပေါ်ဧက၊ ထိခိုက်ဧကနှင့် ပျက်စီးဧကများ စနစ်တကျပြုစု၍ တစ်ကွက်ပေါ် တစ်ကွက်စိုက်စနစ်ဖြင့် ပြန်လည်စိုက်ပျိုးနိုင်ရေး ချက်ခြင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မိုးစပါးထိခိုက်ဧကများအား ပြန်လည်ဖာထေးစိုက်ပျိုးရာတွင် သက်တမ်းတူ၊ မျိုးတူစိုက်ခင်းများမှ သားတက်ပွှားများရယူ စိုက်ပျိုးသွားရမှာဖြစ်ပြီး ပျက်စီးဧကများအတွက် ကြိုတင်ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးသွားရမှာဖြစ်ကာ မြို့နယ်အလိုက်မျိုးစပါးလိုအပ်ချက်များရှိပါက ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးခြင်းအား အမျိုးသားရေးရည်မှန်းချက်တစ်ခုအဖြစ် စိုက်ပျိုးရန်လမ်းညွှန်ပြီးဖြစ်ကြောင်း၊ ဒေသတွင်း အသားစားသုံးမှု ဖူလုံပိုလျှံစေရေးအတွက် ဒေသန္တရမျိုးများဖြစ်သည့် ကြက်၊ ဝက်၊ နွား၊ ဆိတ် တပိုင်တနိုင်မွေးမြူခြင်းမှ စီးပွားဖြစ်မွေးမြူခြင်းစနစ်သို့ ပြောင်းလဲဆောင်ရွက်နိုင်ရေးလိုအပ်သည်များ ပံ့ပိုးကူညီသွားရမှာဖြစ်ကြောင်း၊ ရေကြီးမှုကြောင့် ပျက်စီးသွားသည့် လမ်း/တံတားများအား ကွင်းဆင်းစိစစ်၍ အမြန်ဆုံးပြန်လည်ပြင်ဆင်ပေးသွားမည်ဖြစ်ပြီး ကျေးလက်လမ်းများရှိ လမ်းဘေးဝဲယာအရိပ်ရ သီးပင်စားပင်များ ပြန်လည်ဖာထေးစိုက်ပျိုးရန် လိုအပ်မှာဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာအလိုက် ရေကြီးမှု၏နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာရောဂါများ ဖြစ်ပွားမှုမရှိစေရေး အထူးအလေးထားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ရေမြုပ်ခဲ့သည့် စာသင်ကျောင်းများအား တစ်ကျောင်းပြီးတစ်ကျောင်းပြန်လှည်ဖွင့်နိုင်ရေးနှင့် ကျောင်းပိတ်ရက် အစားထိုးသင်ကြားနိုင်ရေး လိုအပ်သည်များ ကူညီပံ့ပိုးပေးသွားရမှာဖြစ်ကြောင်းနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့၏ ရုံးလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက အုပ်ချုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစဉ်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဆက်စပ်လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက တင်ပြချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက်လိုအပ်ချက်များအား အကြံပြုတင်ခဲ့ကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ညွှန်ကြားချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၏ ရှင်းလင်တင်ပြချက်များပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)