ရွှေဘိုမြို့၌ ၃ နှစ်မှ ၅ နှစ်ရွယ် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲကျင်းပ

ရွှေဘို  သြဂုတ် ၉

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၌ ၃ နှစ်မှ ၅ နှစ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ​ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်းသိရသည်။

ရှေးဦးစွာ​ရွှေဘိုခရိုင် လူမှု​ဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး​ဒေါ်ကြွယ်ကြွယ်ဝင်းက သင်တန်းဆင်း အမှာစကား​ပြောကြားခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများမှ သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ၊ ထူးချွန်သင်တန်းသူတစ်ဦးအား ဂုဏ်ပြုလက်​ဆောင်များ​ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက်သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ သင်တန်းသား/သူများမှအက ဖြင့် အဖွဲ့လိုက်​ဖျော်​ဖြေခဲ့ကြောင်း  သိရသည်။

ခရိုင်(ပြန်/ဆက်)