ပွင့်ဖြူ ဩဂုတ် ၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ မွန်းတည် ၁၂ နာရီ ၃၀ မိနစ်အချိန်ခန့်က မုန်းချောင်းကမ်းပါးပြိုကျမှုကြောင့် ဆည်မုန်းကျေးရွာ၌ လူနေအိမ် (၁၃)လုံး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုလဆန်းပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မုန်းချောင်းရေမြင့်တက်မှုများဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ မုန်းချောင်းရေမြင့်တက်မှုကြောင့် ယမန်နေ့မွန်းလွဲပိုင်းက ဆည်မုန်းကျေးရွာ၌ ကမ်းပါးပြိုကျမှုများဖြစ်ပွားခဲ့သဖြင့် မုန်းချောင်းကမ်းပါးနှင့် နီးစပ်သော လူနေအိမ် (၁၃)လုံးကို အန္တရာယ်ကင်းဝေးစေရန် ကျေးရွာသူ၊ ကျေးရွာသားများက ဘေးလွတ်ရာ ဆွေမျိုးများနေအိမ်သို့ ဝိုင်းဝန်းကူညီ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကမ်းပါးပြိုကျမှုကြောင့် အခြား လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)