ရွှေသောင်ယံမြို့၊ တျေးလက်ကျန်းမာရေးဌာနခွဲတွင် မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်ဆောင်ရွက်

ရွှေသောင်ယံ ဩဂုတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် မွေးကင်းစကလေး ငယ်များအားမိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမှုများကို ယနေ့နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်လျှက်ရှိ ကြောင်းသိရသည်။

အဆိုပါ မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်ဆောင်ရွက်ရာသို့ ရွှေသောင်ယံမြို့၊ ရပ်ကွက် (၁၊ ၂၊ ၃) ရှိ မိခင်နှင့်   ကလေးငယ်များလာရောက်ကြပြီး ကျေးလက်ကျန်းမာရေးဌာနခွဲရှိ ကျန်းမာရေးဆရာမများမှ မိခင်နို့တိုက်ကျွေးဆောင်ရွက်မှုများနှင့်ပတ်သက်၍ဟောပြောခြင်း၊ ပေါင်ချိန်ပေးခြင်း၊ ကလေးငယ်များအတွက် လိုအပ်သောကျန်းမာရေးစောင့် ရှောက်မှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမှုတွင် ကျန်ာမာရေးဆရာမများနှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွှေသောင်ယံ (ပြန်/ဆက်)