အုတ်ဖို သြဂုတ် ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မြစ်မခရေမြင့်တက်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြေင့် နေအိမ်များ ရေမျောပါပျက်စီးခဲ့သည့် ရေဘေးသင့်ပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အုတ်ဖိုမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ထောက်ပံပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပဲခူးတိုင်းဒေသကြီးကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုးဝင်းသန်းမှ အဖွင့်မိတ်ဆက်စကားပြောကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ မြို့နယ်တပ်ဖွဲ့မှူး ဦးမျိုးမင်းထက်မှ ကြက်ခြေနီလုပ်ငန်းဆောင်ရွက်မှုများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများက နေအိမ်များ ရေမျောပါပျက်စီးခဲ့သည့် ရေဘေးသင့်အိမ်ထောင်စု ၁၃ စုအား အိမ်ထောင်စုတစ်စုလျင် တစ်ကိုယ်ရေးသန့်ရှင်းရေးသုံးပစ္စည်း (Hygiene Kit) (၁၉)မျိုး၊ အိမ်ဆောက်ပစ္စည်း (၉)မျိုး၊ စောင်တစ်ထည်နှင့် ၁၅ ပေပတ်လည် တာပေါ်လင်(၁)ခုတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်သူ