ရွှေတောင် သြဂုတ် ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရွှေဟင်္သါကျေးရွာအုပ်စု၊ စကားမြားကျေးရွာ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုအခြေအနေများအား ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ကမ်းပါးပြိုကျမှုဖြစ်ပွားသည့်နေရာသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့လိုက်ပါ၍ ကမ်းပြိုကမ်းစားဖြစ်ပွားနေမှုအခြေအနေ၊ ရေကြောင်းစီးဆင်းနေမှုအခြေအနေ၊ မြေအမျိုးအစား မြေခိုင်မာမှု ရှိ/ မရှိ အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရွှေဟင်္သါကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ရပ်မိရပ်ဖများနှင့် အစည်းအဝေးပြုလုပ်၍ ကမ်းပါးပြိုကျမှုမှာ ယခင်နှစ်များတွင်လည်း ဖြစ်ပွားခဲ့ပြီး ယခုထပ်မံပြိုကျဖြစ်ပွားခဲ့ရာ ဧရာဝတီမြစ်နှင့် ကိုက်( ၁၀၀) ခန့်သာကွာဝေးသဖြင့် နေထိုင်ရန်အန္တရာယ်ရှိသည့် စကားမြားကျေးရွာ မြောက်ပိုင်းရှိ လူနေအိမ်ခြေ (၂၃) အိမ်၊ အိမ်ထောင်စု ( ၂၃) စုတို့ရှိ လူဦးရေ (၇၉) ဦးတို့အားဘေးလွတ်ကင်းရာ ကျေးရွာတောင်ပိုင်းသို့ ယာယီပြောင်းရွေ့နေထိုင်နိုင်ရေး စီစဥ်ဆောင်ရွက်ပေးခဲ့သည်။ ယာယီပြောင်းရွေ့နေထိုင်သူများ၏ နေထိုင်မှုစားဝတ်နေရေးတို့အား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက စီစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)