မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၂)လုံးအတွက် ဆန်ရိက္ခာ၊ ကယ်ဆယ်ရေးပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေများ ပေးအပ်

ပုသိမ် ဇူလိုင် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဇူလိုင်လ ၂၅ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၂)လုံးအတွက် ဆန်ရိက္ခာ၊ ကယ်ဆယ်ရေးပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေများအား တာဝန်ရှိသူများက ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများ၊ ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် ပုသိမ်မြို့နယ်၊ ရှောပြာအုပ်စု၊ ကလပ်ချီအထက် (၀က်လာကွင်း) ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် (ဓနိမိုး၊ ထရံကာ၊ ပျဥ်ခင်း) ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၂၀၀၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ စုစုပေါင်း (၆)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် (၁၂၆၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၁၂၆၀ဝိ/-)တိတိနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ ပုံး (၂)ပုံးတို့အား  ဘေးသင့်ပြည်သူများ လက်၀ယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)