ညောင်တုန်း ဇူလိုင် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေတိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်များနှင့် အိမ်ထောင်စုဝင်များအတွက် ယမန်နေ့ မွန်းလွဲပိုင်းက ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများကို ကျေးရွာများရှိ လေဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်ခဲ့သည့် ချောင်းကြီးကျေးရွာအုပ်စုနှင့် ဂန်ချောင်းကျေးရွာအုပ်စုတို့ရှိ လူနေအိမ် (၂၃)လုံး၊ အိမ်ထောင်စု (၂၃)စုအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် (၂၅၀၀၀၀၀)၊ ဆန်ရိက္ခာ ရန်ပုံငွေကျပ် (၁၄၄၉၀၀)၊ ကယ်ဆယ်ရေးပစ္စည်းတန်ဖိုးငွေကျပ် (၂၄၇၆၅၉၄)တို့ကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမိုးလှိုင်နှင့် ဝန်ထမ်းများက လေဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)