စလင်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေး

စလင်း ဇူလိုင် ၂၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်(၉) နာရီအချိန်မှ စတင်ကာနွယ်တမယ် ကျေးရွာအုပ်စု တောင်သူများကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်းရှိ တောင်သူများ လယ်ယာလုပ်ငန်းခွင်သို့ ဝင်ရောက်၍ လုပ်ကိုင်နိုင်စေရန်နှင့် တောင်သူဦးကြီးများ စိုက်ပျိုးရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ချေးငွေကျန်မရှိသူများကို အတိုးနှုန်း(၅)ရာခိုင်နှုန်းဖြင့် ဦးစားပေးထုတ်ပေးခဲ့ရာ မိုးစပါးတစ်ဧကလျင် ချေးငွေကျပ်(၁၅၀၀၀၀)နှုန်းဖြင့် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီ၌ မေလ ဒုတိယအပတ်မှ စတင်ကာ စလင်းမြို့နယ်အတွင်းရှိ၊ ကျေးရွာအုပ်စု(၃၄)အုပ်စုတို့မှ တောင်သူများအား လယ်ယာလုပ်ငန်းခွင်သုံး စိုက်ပျိုးရေးသွင်းအားစုများ ဝယ်ယူအသုံးပြုဆောင်ရွက်နိုင်ကြစေရန် တောင်သူ(၂၄၃၃)ဦး၊ စိုက်ပျိုးဧက(၁၁၀၃၈) ဧကအတွက်၊ ချေးငွေကျပ်(၁၅၈၉၉၅၀၀၀၀)သောင်းအား ထုတ်ချေးပေးနိုင်ခဲ့ကြောင်း ယနေ့နံနက်ပိုင်းတွင် နွယ်တမယ်ကျေးရွာရွာအုပ်စုမှ တောင်သူများအား၊ ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ကျန်ရှိနေသေးသည့်၊ ကျေးရွာအုပ်စုများကိုလည်း ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

မောင်လွင်(စလင်း)