ပခုက္ကူ ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသော ထုတ်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးနိုင်စေရေးရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ စားသောက်ကုန်လုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးမှုကို ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာနမှူး ဦးဝေဠုအောင်၏အနီးကပ်ကြီးကြပ်မှုဖြင့် ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့်ဝန်ထမ်းများက ပခုက္ကူမြို့၊မြို့သစ်ရှိ ဒေသတွင်းစားသောက်ကုန်များဖြစ်သော ကိတ်နှင့် မုန့်မျိုးစုံ၊ကြက်ဥခေါက်မုန့်၊ကြက်သွန်ကြော်များထုတ်လုပ်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေတို့ကိုကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းရှင်များအား ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသောထုတ်ကုန်ပစ္စည်းများဖြစ်ရေး၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြပေးရေး စသည့် စားသုံးသူကာကွယ်ရေးဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး အသိပညာပေးဟောပြောကြသည်။
ဘာမီသာ(ပခုက္ကူ)