ကြံခင်း ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ရောက်ရှိပြီး အခြေခံပညာကျောင်းများအတွင်း မြစ်ရေဝင်ရောက်လာသဖြင့် အခြေခံပညာကျောင်း (၆)ကျောင်းအား ယာယီပိတ်ထားလျက်ရှိသည်။
ကြံခင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေသည် ၁၉၇၄ ခုနှစ်တွင် စိုးရိမ်ရေအမှတ် ၇၇ ပေ ကျော်လွန်ပြီး ၇၆.၈၅ ပေ (2342 cm)ထိ တက်ရောက်ခဲ့ရာ ဇူလိုင်လ(၁၈)ရက်နေ့ နံနက်(၆)အချိန်ထိ တိုင်းထွာချက်များအရ စိုးရေရေအမှတ်အထက် ၇၄.၂၅ ပေအထိ မြင့်တက်ရှိနေသောကြောင့် အခြေခံပညာကျောင်းများအား ဧရာဝတီမြစ်ရေဝင်ရောက်မှုလာကြောင့် အ.ထ.က(ခွဲ)ကရင်စု၊ အ.လ.က(ရေလယ်ကျွန်း)၊ အ.မ.က(သောကြာဒူး)၊ အ.မ.က(အလယ်ကျွန်း)၊ အ.မ.က(ကျွန်းကြီး)၊ အ.မ.က(ကျောက်စရစ်ကုန်း) ကျောင်းတို့အား (၁၆.၇.၂၀၂၄) ရက်နေ့မှစ၍ ယာယီပိတ်ထားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဖြိုးဝေလင်း(ပြန် / ဆက်)