ဖျာပုံ ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်၏ အားထားရသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် မျိုးဆက်သစ် လူငယ်ဘောလုံးသမားများဖြစ်လာစေရန်ရည်ရွယ်၍ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇူလိုင်လ(၁၈) ရက်နေ့ ညနေ(၃)နာရီအချိန်က ဖျာပုံမြို့နယ် ပြည်သူ့အားကစားကွင်းကြီးတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် အ.ထ.က(သမိန်ထော)အသင်းနှင့် အ.ထ.က(နောက်မီး)အသင်းတို့ ယှဥ်ပြိုင်ကြရာ အ.ထ.က(နောက်မီး)အသင်းက အ.ထ.က(သမိန်ထော)အသင်းကို (၃)ဂိုး၊(၁)ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ပွဲစဥ်တောက်လျှောက်နေရာအလိုက် အကောင်းဆုံးကစားသမားဆုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးအေးကြိုင်၊ ဖျာပုံခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရဲဝင်း၊ ခရိုင်လဝက ဦးစီးမှူးဦးသန့်ဇင်၊ ဖျာပုံခရိုင်အားကစားမှူး ဒေါ်စန္ဒာဦးနှင့် မြို့နယ်ပညာရေးမှူး ဦးထွန်းလွင်တို့က ဆုများအသီးသီးပေးအပ်ကြရာ ထူးချွန်ဆုရ အားကစားသမားများက လက်ခံရယူကြသည်။ ဆက်လက်၍ ဖျာပုံခရိုင်ရဲတပ်မှူး ဒုရဲမှူးကြီး ခင်မောင်လေးက ပထမဆုရ အ.ထ.က(နောက်မီး)အသင်းအား ဆုဖလား၊ ဆုကြေးငွေ (၁၀)သိန်းကျပ်နှင့် ဆုဆွဲပြားများကိုလည်းကောင်း၊ ဖျာပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ထားမောင်က ဒုတိယဆုရ အ.ထ.က (သမိန်ထော)အသင်းအား ဆုကြေးငွေ (၇)သိန်းကျပ်နှင့် ဆုဆွဲပြားများကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁) ဗိုလ်မှူးငွေမင်းထိုက်က တတိယဆုရ မြို့ပေါ်(၂)အသင်းအား ဆုကြေးငွေ(၅)သိန်းကျပ်နှင့် ဆုဆွဲပြားများကိုလည်းကောင်း၊ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ အဆိုပါ ဘောလုံးပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အ.ထ.ကကျောင်းများမှ ပြိုင်ပွဲဝင် အသင်း(၁၄)သင်း ဝင်ရောက် ယှဥ်ပြိုင်ကြပြီး (၂-၇-၂၀၂၄) မှ (၁၇-၇-၂၀၂၄) ထိ ကျင်းပပြုလုပ်ပေးခဲ့ခြင်း ဖြစ်ကြာင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင်(ပြန်/ဆက်)