အုတ်ဖိုမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်အသိပညာပေး ကွင်းဆင်းဆောင်ရွက်

အုတ်ဖို ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်း အ.မ.ကသစ်ဆိမ့်ကုန်းတွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်းဆောင်ရွက်သည်။

နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ညွန့်ညွန့်စိန်က စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ကျောင်းသားကျောင်းသူများအားပြောကြားပြီး ဒုတိယဦးစီးမှူးဒေါ်မြင့်မြင့်မိုးက ကလေးသူငယ်များ ကိုယ်ကာယ၊ ဥာဏစွမ်းရည်များ ဖွံ့ဖြိုးစေရေး၊ အချင်းချင်းပူးပေါင်း ဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦးချစ်ခင်ရင်းနှီးမှုများရရှိစေရေး အသိပညာပေးပြောကြားကာ ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်ပြောသရုပ်ပြသခြင်း၊ ဘုတ်ပြားပြဇာတ်ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်သူ (အုတ်ဖို)