မင်းလှ ဇူလိုင် ၁၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာများသည် ယနေ့ နံနက်ပိုင်းက သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ -၂၀၂၅ ခုနှစ် မိုးစပါးလက်စွဲ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဝက်လှကြီးအုပ်စု၊ ညောင်နီကုန်းကျေးရွာအနီး ဦးပိုင်အမှတ် (၃၂/၂)၊ ကွင်းအမှတ်(၁၁၀၄ E)၊ တောင်သူဦးထွန်းဇော် ၏ လယ်မြေ (၅)ဧက၌ YSR-1 စပါးမျိုးအား မြို့နယ်စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့၏ စိုက်ပျိုးနည်းပညာအကူအညီဖြင့် လက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးကာ တစ်ဧက ပျမ်းမျှ အထွက်နှုန်း(၁၀၀)ကျော် ထွက်ရှိနိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးနည်းပညာများဖြင့် စိုက်ဧကများ တိုးချဲ့စိုက် ပျိုးကြစေလိုကြောင်းနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန် လျာထားချက်ဧက (၇၆၁၄၁)ရှိရာ (၇၀၁၄၃) ဧကအား စိုက်စနစ်များအလိုက် စိုက်ပျိုးပြီးစီးခဲ့ကြောင်း၊ စပါးမျိုးများမှာ ဆင်းသုခ၊ ရတနာတိုး၊ ကရင်မ၊ရက်ကိုးဆယ်၊ ဗီယက်နန်၊ထိုင်းနှံကောက်၊ YSR-1 စပါးမျိုးတို့ဖြစ်ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)