နတ်မောက်မြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

နတ်မောက် ဇွန် ၂၈

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ယမန်နေ့နံနက် (၁၀) နာရီ အချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဖြူဝင်းက ကလေးသူငယ်များအား အဓမ္မခိုင်းစေမှုနှင့် အမျိုးသမီးအကြမ်းဖက်နှင့်ပတ်သက်သည့် အကြောင်းအရာကိုဆွေးနွေးပြီး မြို့နယ်ဦးစီးမှူး ဦးသက်နိုင်ဝင်းက အပူချိန်မြှင့်တက်ခြင်းကြောင့်  ဖြစ်ပေါ်လာနိုင်သည့် မီးဘေး၊ ရေရှားဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့် မိုးကြိုဘေးအန္တရာယ်အတွက် ကြိုတင်စီမံမှုများနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အကြံပြုချက်များကို ကျောင်းသား/သူများအား ပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာသူများအား သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှဝင်း (ပြန်/ဆက်)