မင်းတုန်းမြို့နယ်တွင် ကော်ဖီတိုးချဲ့စိုက်ပျိုးမည့် တောင်သူများအား ကော်ဖီပျိုးပင်များ ထောက်ပံ့ပေးအပ်

မင်းတုန်း ဇွန် ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် ကော်ဖီတိုးချဲ့စိုက်ပျိုးမည့် တောင်သူများအား ပျိုးပင်များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးက ကော်ဖီပျိုးပင်များ ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကော်ဖီပင်များ ရှင်သန်အောင် စိုက်ပျိုးကြရန် မှာကြားခဲ့သည်။

အဆိုပါ ကော်ဖီပျိုးပင်များကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ပေးအပ်ခြင်းဖြစ်ပြီး ငကုန်းကျေးရွာမှ တောင်သူ (၉) ဦး၊ ယင်းကောက်ကျေးရွာမှ တောင်သူ (၆) ဦး၊ ကံကြောကျေးရွာမှ တောင်သူ (၅) ဦးနှင့် မြင်းကွေ့ကျေးရွာမှ တောင်သူ (၅) ဦးတို့အား ကော်ဖီပျိုးပင် စုစုပေါင်း (၆၀၀၀၀) ပေးအပ်ရာ တောင်သူများက လက်ခံရယူခဲ့ကြပြီး ကော်ဖီတိုးချဲ့စိုက်ဧက (၆၀) တိုးချဲ့ စိုက်ပျိုးနိုင်မည်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)