စလင်း ဇွန် ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ နွေနှမ်း(ပေါင်ကြီးတင်)စနစ်ဖြင့် စံပြစိုက်ပျိုးခြင်း စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် (၈)နာရီ (၃၀) အချိန်က မိုးဝန်းကျေးရွာ ကွင်းအမှတ် (၄၇၁)၊ ဦးပိုင်အမှတ် (၅၁/၁)၊ တောင်သူ ဦးဝင်းမြင့်၏ လယ်မြေတွင်ကျင်းပရာ ထွက်ရှိမှုနှုန်း တွက်ချက်မှုအရ တစ်ဧကလျင်၂၆.၀၂ တင်း ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။
နွေနှမ်း(ပေါင်ကြီးတင်)စနစ်၊ စံပြစိုက်ပျိုးခြင်း၊ စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် တာဝန်ရှိသူများ မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်စိုးလင်းနှင့် တာဝန်ရှိသူများ မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်လင်းနှင့် ဝန်ထမ်းများက ဦးဆောင်ကာ နွေနှမ်းစံကွက်ကို ရိတ်သိမ်းကြရာ တစ်ဧကလျင် ၂၆.၀၂ တင်း ထွက်ရှိမည်ဖြစ်ကြောင်းနှင့် အဆိုပါလယ်ယာမြေများတွင် ယခင်နှစ်က. မိုခါမုန်တိုင်းကြောင့် ဆုံးရှုံးခဲ့ကြရပြီး ၂၀၂၂ ခုနှစ်တွင် တောင်သူဦးဝင်းမြင့်မှ (၄)ဧက စိုက်ပျိုးခဲ့ ရာတင်း(၇၀)ကျော်ရရှိခဲ့ကြောင်း တောင်သူပြောပြချက်အရ သိရသည်။
အဆိုပါ နွေနှမ်း(ပေါင်ကြီးတင်)စနစ်ဖြင့် စိုက်ပျိုးခြင်းကို ဧပြီလ(၃)နေ့မှစတင်၍ (ဆင်းရတနာ၁၂) နွေနှမ်းမျိုးကို (၃)ဧကစိုက်ပျိုးခဲ့ရာ (၁)ဧကကုန်ကျစရိတ် နှမ်းခါပြီးသည်အထိ ရေသွင်းစိုက်ပျိုးခဲ့ပြီး သွင်းအားစုလုပ်အားခအပါအဝင် စုစုပေါင်းကုန်ကျစရိတ် (၉)သိန်းခွဲမှ၊ (၁၀)သိန်းအထိ ကုန်ကျခဲ့ပြီး ယခင်ကကျဲပက်စနစ်ဖြင့် စိုက်ပျိုးခဲ့ရာ (၁)ဧက(၁၅)တင်းထွက်ရှိပြီး ကုန်ကျစရိတ်အနေဖြင့် ပေါင်ကြီးတင်စိုက်စနစ်ထက် တစ်ဧက(၁)သိန်း ခွဲခန့်သက်သာပြီး အထွက်နှုန်းနည်းကြောင်း၊ ယခုနှစ် နှမ်းစျေးကွက်အနေဖြင့် တစ်တင်းလျင်(၁၆၀၀၀၀)ကျပ် ရောင်းချရကြကာ ရာသီဥတုကောင်းမွန်၍ တောင်သူများအဖို့ စျေးကွက်ကောင်းမွန်ပါက အကျိုးအမြတ်များများရနိုင်ကြောင်း တောင်သူ ဦးဝင်းမြင့်ထံမှ သိရသည်။
မောင်လွင်(ပြန်/ဆက်)