အင်္ဂပူမြို့နယ်တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

အင်္ဂပူ ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မှန်ကုန်းကျေးရွာ ဘဝတန်ဖိုးစာကြည့်တိုက်သို့ ဇွန် ၂၃ ရက်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီသီရှိန်နှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီသီရှိန်က ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ စာကြည့်တိုက်ကော်မတီဝင်များဖြင့် တွေ့ဆုံကာ ရပ်/ကွက်ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် စာကြည့်တိုက်များ ရှင်သန်ခိုင်မာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ စာဖတ်ရှိန်မြှင့်တင်‌ရေးအတွက်‌ ဆောက်ရွက်ရမည့်အချက်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့‌နောက် တက်ရောက်လာသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာကြည့်တိုက်ကော်မတီဝင်များက စာကြည့်တိုက် ရှင်သန်ခိုင်မာရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်များနှင့် လိုအပ်ချက်များ တင်ပြ‌ဆွေးနွေးရာ ဦးစီးအရာရှိ ဒေါ်သီသီရှိန်က ပေါင်းစပ်ညှိ့နှိုင်းဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)