ပေါင်းတည်၌ စားသုံးသူများအတွက် သင့်တင့်မျှတသောရည်ညွှန်းစျေးဖြင့် ဆန်များရောင်းချပေး

ပေါင်းတည် ဇွန် ၂၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအတွက် သင့်တင့်မျှတသောရည်ညွှန်းစျေးဖြင့် ဆန်များရောင်းချပေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံးရှေ့တွင် ယနေ့နံနက်ပိုင်းမှစ၍ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါရောင်းချပေးမှုကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံစပါးထုတ်လုပ်သူများအသင်းနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ ရောင်းချပေးသည့်အစီအစဉ်ဖြစ်ကြောင်းသိရသည်။ ယနေ့တွင် ဧည့်မထဆန်(၁၅%)ကို တစ်ပြည်လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် စားသုံးသူများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

ရွှေသား (ပြန်/ဆက်)