နတ်မောက်မြို့ အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ  ကျင်းပ

နတ်မောက် ဇွန် ၂၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်း (တမာပင်)တွင် ကျင်းပပြုလုပ်ခဲ့သည်။                   

ရှေးဦးစွာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အား/ကာမှူးက အားကစားပြုလုပ်ခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူး၊ အားကစားနှင့်ပတ်သက်၍ လူငယ်များသိထားရမည့်အချက်များကိုလည်ကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဝင်းမေထွန်း(စာကြည့်တိုက်လက်ထောက်-၃)က စာဖတ်နည်း(၃)နည်း၊ လူငယ်နှင့်စာရိတ္တ စသည့် အကြောင်းအရာများကိုလည်းကောင်း ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အား/ကာမှူးက အားကစားပစ္စည်းများဖြစ်သည့် ဘောလုံးနှင့် ခြင်းလုံးတို့ကို အဆိုပါကျောင်းရှိ ကာယဆရာထံပေးအပ်ခဲ့ကြောင်း သိရသည်။

လှဝင်း