ကန့်ဘလူမြို့၌ စိတ်ဓာတ်နှင့်နည်းနာ အောင်မြင်ရေးစာစု စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကန့်ဘလူ ဇွန် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို၌ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်နှင့် အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍ ဝန်ထမ်းများ စုပေါင်းစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းကြားသည်။ ဆက်လက်၍ ဆရာဖေမြင့်ရေးသားသည့် စိတ်ဓာတ်နှင့် နည်းနာအောင်မြင်ရေးစာစုစာအုပ်မှ ဉာဏ်ကောင်းရုံနှင့်မပြီးပါ ဆောင်းပါးပါ မိမိစိတ်ကို စောင့်ကြည့်သတိပြုခြင်း ခေါင်းစဥ်အား ရုပ်သံကျွမ်းကျင်- ၃ ဒေါ်အိအိသင်းကလည်းကောင်း၊ စိတ်ကိုထိန်းကျောင်းပဲ့ပြင်တတ်ခြင်း ခေါင်းစဥ်အား အကြီးတန်းစာရေး ဒေါ်သန်းသန်းမြင့်ကလည်းကောင်း၊ မိမိကိုယ်ကို တိုက်တွန်းစေ့ဆော်ခြင်းခေါင်စဥ်အား ဓာတ်ပုံကျွမ်းကျင်- ၂ ဦးအောင်ဝင်းငြိမ်းကလည်းကောင်း၊ လတ်တလောဆန္ဒကို ထိန်းချုပ်ခြင်းခေါင်းစဥ်အား လုပ်သားရုပ်သံ ဦးအေးမင်းထွန်းကလည်းကောင်း၊ လူရေးလူရာ၌ လိမ္မာခြင်းခေါင်းစဥ်အား နေ့စားဝန်ထမ်း ဦးဇွဲထွဠ်ကျော်ကလည်းကောင်း အသီးသီးဖတ်ကြားပြီး ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း