ရွှေတောင်မြို့နယ်တွင် မြေယာလျော်ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရွှေတောင် ဇွန် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း ပြည်ရေနံမြေဧည့်ရိပ်သာခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကွင်းအမှတ် (၁၇၃)မြေယာလျော်ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် ပြည်ရေနံမြေအထွေထွေမန်နေဂျာတို့မှ မြေယာလျော်ကြေးပေးအပ်မှုအခြေအနေတို့အား ရှင်းလင်းဆွေးနွေးခဲ့ပြီး လယ်/ယာ မြေ (၃.၇၂)ဧကတွင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် တောင်သူ (၆) ဦးကို စုစုပေါင်းမြေယာလျော်ကြေးငွေ (၁၁၈၅၈၀၀၀ိ/-) ကျပ် မြေယာလျော်ကြေးပေးအပ်ခဲ့သည်။

အခမ်းအနားသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ (လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ) ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်ရေနံမြေအထွေထွေမန်နေဂျာနှင့် ဝန်ထမ်းများ၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ၊ ထန်းကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့် တောင်သူများ၊ စုစုပေါင်းအင်အား(၄၅) ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)