မြို့သစ် ဇွန် ၂၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါးစံကွက်ရိတ်သိမ်းခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မင်းရပ်ကွက်၊ ကွင်းအမှတ်(၂၆၀၈.ခ)၊ တောင်သူဦးမောင်လှ၏ စိုက်ကွက်တွင် ဆောင်ရွက်ခဲ့သည်။
နွေစပါးစံကွက်ရိတ်သိမ်းဆောင်ရွက်ရာ မကွေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ထူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မကွေးခရိုင်စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးနှင့် ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ တောင်သူများ တက်ရောက်ခဲ့သည်။
အဆိုပါ နွေစပါးစံကွက်တစ်ဧကလျှင် အစိုထွက် (၁၇၃ ဒဿမ ၁၂) တင်း၊ အခြောက်ထွက်မှာ တစ်ဧကလျှင် (၁၅၅ ဒဿမ ၈၁) တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့သစ်မြို့နယ်တွင် နွေစပါးကို ဆာဖိုသာ၊ မနောသုခ၊ ဆင်းသုခ၊ ရတနာတိုးစပါးမျိုးများကို အဓိကစိုက်ပျိုးထားရှိပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ စံကွက်များကို ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဉာဏ်မြင့်ဦးထံမှ သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)