အင်္ဂပူမြို့နယ်အတွင်းရှိ တောင်သူများ ဆည်ရေရယူစိုက်ပျိုးရာတွင် ရေလေလွင့်ဆုံးရှုံးမှု နည်းပါးစေရန်အတွက် လယ်ကြားမြောင်းများ တူးဖော်ရေရယူကြရန် အသိပညာပေးခြင်းနှင့် ဆည်ရေပေးဝေမှုကဏ္ဍတိုးတက်ရေး ဆောင်ရွက်မှုများ အသိပညာပေးတွေ့ဆုံပွဲ အခမ်းအနားပြုလုပ်

အင်္ဂပူ ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းခန်းမ၌ ယနေ့နံနက်ပိုင်းက တောင်သူများ ဆည်ရေရယူစိုက်ပျိုးရာတွင် ရေလေလွင့်ဆုံးရှုံးမှုနည်းပါးစေရန်အတွက် လယ်ကြားမြောင်းများတူးဖော်ရေရယူကြရန် အသိပညာပေးခြင်းနှင့် ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်(PIM) ဖော်ဆောင်ခြင်းဖြင့် ဆည်ရေပေးဝေမှုကဏ္ဍ တိုးတက်ရေးဆောင်ရွက်မှုများ အသိပညာပေးတွေ့ဆုံပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် ခရိုင်မြေစာရင်းဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိုးတို့က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ဆည်ရေအသုံးပြုမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဆည်ဆောက်ရေး(၉)၊ ကညင်ဆည်ရေသောက်စနစ်မှ ဦးစီးအရာရှိ ဦးသက်ဇော်ရှိန်က ဆည်ရေဖြန်ဝေမှုနှင့်ဆည်ရေအသုံးချသူများ (WUG) အဖွဲ့ ဖွဲ့စည်းထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် ဆည်ရေအသုံးချသူများ (WUG) အဖွဲ့ကတင်ပြဆွေးနွေးမှုများအား ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဆည်ဆောက်ရေး(၉)၊ ကညင်ဆည်ရေသောက်စနစ်မှ ဦးစီးအရာရှိ ဦးသက်ဇော်ရှိန်က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ခရိုင်မြေစာရင်းဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဆည်ဆောက်ရေး(၉)၊ ကညင်ဆည်ရေသောက်စနစ်မှ ဦးစီးအရာရှိ ဦးသက်ဇော်ရှိန်နှင့် တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ ဆည်ရေအသုံးချသူများ (WUG) အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မန်းကျော် (ပြန်/ဆက်)