ရွှေဘိုမြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

ရွှေဘို ဇွန် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုမြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို ယ​နေ့ နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးလတ်ဆတ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး “စာပဒေသာ ဝေဆာစေမည်” Video Clip အားပြသရာ တက်ရောက်လာကြသူများက ကြည့်ရှုခဲ့ကြပြီး​နောက် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဦးစီးအရာရှိ​ ဒေါ်​အေးမြင့်စန်း ကစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်​ရေးနှင့် စာဖတ်ရှိန်မြှင့်တင်​ရေးလှုပ်ရှားမှုအခမ်းအနားပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ​ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းစာကြည့်တိုက်အတွင်း ကျောင်းသား၊ ကျောင်းသူ​လေးများနှင့် ​မောင်ခင်မင်(ဓနုဖြူ​)ရေးသားသည့်၊ အ​မွေခံတစ်​ယောက် အ​မွေ​ပေးသူတစ်ရာ စာအုပ်ပါ​ခေါင်းစဥ် (၅) ခုဖြင့် စာဖတ်ဝိုင်းဆွေး​နွေးပွဲ ပြုလုပ်ခဲ့​ကြောင်းနှင့် စကားပုံဆက်ပြိုင်ပွဲ၊ ဒုတိယဦးစီးမှူး​ ဒေါ်ခိုင်ဇင်က KG တန်းက​လေးငယ်များအား ပုံပြင်၊ ရုပ်ပြစာအုပ် ဖတ်ပြ​ဆွေး​နွေးခြင်းများ​ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာ​ပေး စာအုပ်စာစောင်များ၊ နံရံကပ် စာစောင်များကို ပြသထားရာ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြ​ကြောင်း၊ အခမ်းအနားသို့ ဒုတိယမြို့နယ် အုပ်ချုပ်ရေး​ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်