ပခုက္ကူမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ပခုက္ကူ  ဇွန် ၂၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က ဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမား ပေါ်ပေါက်လာရခြင်း အကြောင်းရင်းများ၊ ကလေးအလုပ်သမားအမျိုးအစားများ၊ ကလေးအလုပ်သမားများအား အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေမှုများ၊ ကလေးအလုပ်သမားဆိုင်ရာဥပဒေများ၊ ကလေးအလုပ်သမား လျော့နည်းပပျောက် စေရေး တားဆီးကာကွယ်ရမည့်နည်းလမ်းများအကြောင်းကို အသိပညာပေး ရှင်းလင်းဟောပြောသည်။

အဆိုပါဟောပြောပွဲတွင် ပခုက္ကူခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ အသင်းဝင်များ၊ အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များတက်ရောက်ကြပြီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ၂၀၂၄ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)