ပြည်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ အခွန်ထမ်းပြည်သူများအား အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေး

ပြည် ဇွန် ၂၀

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ယနေ့နံနက်ပိုင်းက အခွန်ဆိုင်ရာပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပရာ တာဝန်ရှိသူများနှင့်ပြည်မြို့နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ အခွန်ထမ်းပြည်သူများတက်ရောက်ကြသည်။

ပညာပေးရှင်းလင်းဆွေးနွေးပွဲတွင် ပြည်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ မြို့နယ်အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဌေးဦးနှင့် ဦးစီးအရာရှိ ဦးဖြိုးကျော်စွာတို့က တက်ရောက်လာသော မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် အခွန်ထမ်းပြည်သူများအား "ငွေကြေးခဝါချမှုနှင့် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများအပါအဝင် အခွန်ထမ်းပြည်သူများ သိသင့်သိထိုက်သည့် အခွန်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် သိမှတ်ဖွယ်ရာ အကြောင်းများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)