ကျောက်တံခါး ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို သတင်းစကားလက်ကမ်းစာစောင်အား ယနေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က(ကျောက်တံခါး)နှင့် အ.ထ.က(အနောက်ရပ်)ကျောင်းတို့၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် “မူးယစ်ဆေးဝါးဆိုသည်မှာ” အမျိုးသားရေး အသွင်တိုက်ဖျက်(ဆောင်းပါး)၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများဖြစ်ပွားနိုင်၊ မီးရှို့ဖျက်ဆီး၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများ ၊ စာရေးဆရာ ရေနံ့သာမောင်ကျော်ညွန့် ရေးသားထားသော ရှောင်ဖယ်ဝေးဝေး မူးယစ်ဆေး (ကဗျာ)၊ အနာဂတ်ပန်းမှာ ပွင့်လန်းဖို့မူးယစ်အန္တရာယ် ကာကွယ်စို့၊ မူးယစ်အန္တရာယ် လူ့ရန်စွယ်ကာကွယ်တိုက်ဖျက် လက်ချင်းယှက်စသည့် ဆောင်ပုဒ်များနှင့် မူးယစ်ဆေးဝါး အန္တရာယ်ပညာပေး ကာတွန်းအစရှိသည့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးများ ပါရှိသည့် လက်ကမ်းစာစောင်များကို မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာကျောင်းများနှင့် လူစည်ကားရာနေရာများ၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)