သာပေါင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စတင်ဖြေဆို

သာပေါင်း မတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ(ပထမ)နေ့ မြန်မာစာဘာသာရပ်ကို ယနေ့ မတ်လ ၁၁ ရက်နေ့၊ နံနက် ၉ နာရီအချိန်မှ စတင်၍ သတ်မှတ်စာစစ်ဌာန(၆)ခုတို့၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)စာစစ်ဌာန၊ အခြေခံပညာ အထက်တန်းကျောင်း (ဇီးဖြူကွင်း)စာစစ်ဌာန၊ အခြေခံပညာ အထက်တန်းကျောင်း (ဘုရားကုန်း)စာစစ်ဌာန၊ အခြေခံပညာအထက်တန်းကျောင်း (စက်ဒေါင့်ကြီး)စာစစ်ဌာန၊ အခြေခံပညာ အထက်တန်းကျောင်း (လှေကြီးတတ်)စာစစ်ဌာန၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (ဆောင်ဘုံ)စာစစ်ဌာန၊ ပေါင်းစာစစ်ဌာန(၆)ခုတို့တွင် စာရင်းရှိ ကျောင်းသား(၂၈၉)ဦး၊ ကျောင်းသူ(၃၈၈)ဦး၊ ပေါင်း(၆၇၇)ဦးတို့ စာရင်းတင်သွင်းထားရှိခဲ့ရာ၊‌ ယနေ့ဝင်ရောက်ဖြေဆိုကျောင်းသား(၂၆၉)ဦး၊ ကျောင်းသူ(၃၇၅)ဦး၊ ပေါင်း(၆၄၄)ဦး၊‌ ပျက်ကွက်ကျောင်းသား(၂၀)ဦး၊ ကျောင်းသူ(၁၃)ဦး၊ ပေါင်း(၃၃)ဦးရှိရာ ယနေ့မြန်မာစာဘာသာရပ်တွင် ဖြေဆိုမှုရာနှုန်း(၉၅%)ရှိကြောင်း မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်ခင်သက်နိုင်ထံမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)